သင်ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လိုခြေရာခံသလဲ ?
ဒါကတော့ရိုးရှင်းပါတယ်။ သင်အသုံးပြု နေတဲ့ ဖုန်းနဲ့ အနီးဆုံး တယ်လီဖုန်းရေဒီယို တာဝါတိုင်သုံးခုကိုအသုံးပြုပြီး တြိဂံပုံစံ ကွန်ယက်အတွင်းက တည်နေရာကို တွက်ချက်တာပါ။ တြိဂံခြေရာခံနည်း စနစ်လို့ ခေါ်ပါတယ်။ လူနေထူထပ်တဲ့ မြို့ ပြလိုနေရာမျိုးမှာ .....
(ဥပမာ - ကျွန်တော်တို့  ရန်ကုန်ပေါ့ ) ခြေရာခံမယ်ဆိုရင် တယ်လီဖုန်း တာဝါတိုင်တွေ အများကြီးရှိတဲ့အတွက် ၁၀ ပေ ၁၅ ပေ အတွင်းအတိအကျသိနိုင် ပေမယ့် ဖုန်းတာဝါတိုင်တွေနည်းပါးတဲ့ ကျေးလက်ဒေသလိုနေရာမျိုးမှာတော့ ပေရာဂဏန်းအထိ ကွဲလွဲနိုင်ပါတယ်။ သင်ဖုန်းလက်ခံစကားပြောတာ Message ပို့ချိန်မျိုးမှာ သင်ဘယ်နေရာမှာရှိနေတယ် ဆိုတာကို ကွန်ယက်မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ သတိပြုရမှာက ဒါဟာ ဖုန်းကွန်ယက်ရဲ့ လုပ်ဆောင်ချက်ပဲ ရှိပါသေးတယ်။ ဆိုလိုချင်တာကတော့ ဒါဟာသေသေချာချာစောင့်ကြည့်ခြေရာခံတဲ့ နည်းလမ်းတွေ မဟုတ်သေးပါဘူး။ ကွန်ယက်တိုင်းက သင့်ဖုန်းကအသံလှိုင်းကို တြိဂံနည်းစနစ်သုံးပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုအချက်အလက်ကိုသုံးပြီး (ဘယ်မှာရှိနေတယ်ဆိုတာသိပြီး) သင့်ကို ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ဖို့ အင်မတန် အရေးကြီးပါတယ်။ သင့်လက်ကိုင်ဖုန်းက ချိတ်ဆက်မိတဲ့ ဖုန်းတာဝါတိုင်တိုင်းကို သင်ဘယ်မှာရှိနေ တယ်ဆိုတာ စဉ်ဆက်မပြတ် သတင်းပို့ ပါတယ်။ ခြေရာမခံမိစေချင်ရင် ဖုန်းထဲက ဓါတ်ခဲကိုထုတ်ရုံသာမက ဖုန်းကိုပါ အိမ်မှာ ထားခဲ့လိုက်ပါ။
ခြေရာခံခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက်တစ်ချို့
- သင်ပုံမှန်အသုံးပြုသည့် (Subscriber Identity Module - SIM လို့ခေါ်တဲ့ ဖုန်းဆင်းမ်ကဒ်) အပြင် အခြားပြောင်းလဲ အသုံးပြုနိုင်မယ့် (ဖုန်းကုမ္ပဏီမတူတဲ့) ဆင်းမ်ကဒ်တစ်ခု ဆောင်ထားပါ။ ဖြစ်နိုင်ရင်တော့ ဖုန်းတလုံးထက်မက သယ်ဆောင်အသုံးပြုပါ။ အစည်းအဝေးတွေအတွက် ခရီးသွားနေစဉ် အတွင်း ဖုန်းကတဆင့် ခြေရာမခံနိုင်အောင်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိရ အောင် ဖုန်းထဲကဓါတ်ခဲကို ထုတ်ထားပါ။ (ဖုန်းပိုင်ရှင် ဘယ်နေရာမှာရှိတယ်ဆိုတာ GPS စနစ်လို့ခေါ်တဲ့ ဂြိုလ်တုကနေတစ်ဆင့် ခြေရာခံနိုင်သလို Triangulation လို့ခေါ်တဲ့ ဖုန်းတိုင်တွေကတဆင့် တြိဂံခြေရာခံနည်း စနစ်နဲ့လည်း ခြေရာခံနိုင်ပါတယ်) အာဏာပိုင်တွေကသင့်ကိုခြေရာခံနေတယ် လို့ ထင်ရင်၊ စိတ်ပူရင် သင်အသုံးပြုနေတဲ့ ဖုန်းကဒ်ကိုသာမက ဖုန်းကိုပါစွန့် ပစ်ပါ။ သင့်ဖုန်းက သင့်ကိုပြန်စောင့်ကြည့် နားထောင်နိုင်ပါတယ်
သင်ဖုန်းသုံးမနေတဲ့ အချိန်မှာတောင် တခြားသူတွေက လက်ကိုင်ဖုန်းတွေကို အသံဖမ်းစက်အဖြစ်အသုံးပြုပြီး သင်ဖုန်းနဲ့ ဘာတွေပြောတယ်ဆိုတာကို နားထောင်နိုင် ပါတယ်။ ဥပမာအားဖြင့် သင် သူငယ်ချင်း တွေနဲ့ တွေ့ဆုံနေတယ်။ သင်တို့ဖုန်းတွေက ရှေ့ကစားပွဲပေါ်မှာ ရှိနေတယ်ဆိုရင် သင်နဲ့ သူငယ်ချင်းတွေ ဘာတွေပြောတယ် ဆိုတာ ကို အသံဖမ်းမှတ်တမ်းတင်ဖို့အတွက် အဲဒီဖုန်းတွေ ကို သုံးနိုင်ပါတယ်။ ဖုန်းပိတ်ထားရုံနဲ့ မလုံလောက်တဲ့ အတွက် အဲဒီလိုစောင့်ကြည့် နားထောင်အသံဖမ်း မှတ်တမ်း တင် တာကို ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဖုန်းထဲကဓါတ်ခဲကိုထုတ်ထားဖို့ပဲ ဖြစ်ပါတယ်။ သင့်လက် ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာ ဖော်ထုတ် နိုင်ပါတယ်
သင်ဘယ်သူလဲဆိုတာ ဖုန်းကနေတဆင့် ဖော်ထုတ်သိရှိတာကိုကာကွယ်ချင်ရင် ဖုန်းကဒ်ပြောင်းရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းတိုင်းမှာထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီအတွက် လုံခြုံစိတ်ချချင်ရင် ဖုန်းကဒ် ပြောင်းသုံးရုံ တင်မဟုတ်ပဲ ဖုန်းကိုပါ ပြောင်း သုံးရမှာဖြစ်ပါတယ်။ သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူ လဲဆိုတာဖော်ထုတ်နိုင်ပါတယ်။
ဖုန်းလက်ခံ စကားပြောတာပဲဖြစ်ဖြစ်၊ ကိုယ်ကဖုန်းခေါ် တာပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့တာပဲဖြစ်ဖြစ်၊ အင်တာနက် သုံးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘာမှသုံးမနေပဲ အင်တာနက်နဲ့ ချိတ်မိနေတာ ပဲဖြစ်ဖြစ် ဖုန်းကွန်ယက်နဲ့ ချိတ်ဆက်ထား တယ် ဆိုရင် ဖုန်းကဒ်အပြင် ဖုန်းနဲ့ပတ်သက်တာတွေ ကိုပါ စုံစမ်းသိရှိနိုင်ပါတယ်။ ဖုန်းကဒ်ကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာလဲ -----
ဖုန်းဆင်းမ်ကဒ်ထဲမှာ ဖုန်းကဒ်ပိုင်ရှင်(သင်) နဲ့ ပက်သက်တဲ့ အချက်အလက်တွေ သိမ်းဆည်း ထားပါတယ်။
အဲဒီအချက်အလက်တွေက (ဖုန်းကဒ်ဝယ်ချိန်မှာ သင်ပေး ထားတဲ့ အချက် အလက်တွေဖြစ်ပြီး) သင့်ဖုန်းကုမ္ပဏီက သင်ဘယ်သူလဲ ဆိုတာကိုခွဲခြား အသုံးပြုရာမှာ သုံးပါတယ်။ လက်ကိုင်ဖုန်းကနေ သင်ဘယ်သူလဲ ဆိုတာဘယ်လိုမျိုးဖော် ထုတ်နိုင်တာလဲ ----
ဖုန်းကဒ်ကနေတဆင့် သင်ဘယ်သူလဲ ဆိုတာကို ဖော်ထုတ် နိုင်တဲ့အပြင် လက်ကိုင်ဖုန်းကလဲ သင့်ကို ဒုက္ခရောက်စေ နိုင်ပါတယ်။
လက်ကိုင်ဖုန်းတိုင်းမှာ (International Mobile Equipment Identity-IMEI လို့ခေါ်တဲ့နိုင်ငံ တကာ လက်ကိုင်ဖုန်းခွဲခြားသိရှိရေးဆိုင်ရာ)ထူးခြားတဲ့နံပါတ် တွေ ရှိပါတယ်။ အဲဒီ နံပါတ်ကနေတဆင့် သင့်ကိုအချိန်မရွေး ခြေရာခံလို့ရပါတယ်။
ဒါကြောင့် ဒီဂျစ်တယ်ကမ္ဘာကြီး ထဲမှာ ရှင်သန်နေထိုင်နေရသောသင်ဟာ တစ်စုံ တစ်ယောက် ရဲ့ နောက်ယောင်ခံ စောင့်ကြည့်လေ့လာ နေ ခြင်းကို ခံရနိုင် တယ်ဆိုတာကို သတိပြုပါ။
Credit : ဘလော့ခရီးသည်
No comments:
Post a Comment