Tuesday, March 8, 2016

Window Password မေ့သွားရင် ဘယ်လို ဖြေရှင်းမလဲ ? (For All Window 10000 % Working)


  Window Admin Password မေ့သွားရင်ပဲဖြစ်ဖြစ် (သို့) Password မသိပဲ ကျော်ဝင်ချင်ရင်ပဲဖြစ်ဖြစ်  2GB ပမာဏလောက်ရှိတဲ့ USB တစ်ချောင်းနဲ့ အလွယ်တကူ ကျော်ဝင်လို့ရနိုင်ပါတယ်..။
ဘယ်လိုကျော်ရမလဲဆိုရင်တော့ နည်းလမ်းက လွယ်လွယ်လေးပါ 162KB လောက်ပဲရှိတဲ့ Software လေးနဲ့ 2GB (or) 4GB ပမာဏ ရှိတဲ့ USB (or) Memory Card တစ်ခုပဲလိုတာပါ ... ဟို Setting နှိပ် ဒီ Setting နှိပ် နဲ့ ခေါင်း အစားခံစရာလဲ မလိုပါဘူးး.. Window CD အခွေလည်း မလိုသလို Hirens BootCD လို ဆော့ဖ်ဝဲလ် ကြီးကြီးလည်း အချိန်ကုန်ခံပြီး ဒေါင်းယူနေစရာ မလိုပါဘူး...   USB Stick (or) Memory Card လေးရှိရုံနဲ့ အလွယ်တကူ ကျော်ဝင်နိုင်ပါတယ်..။

အောက်ဖေါ်ပြပါနည်းလမ်းအတိုင်း တဆင့်ချင်းလုပ်ဆောင်လိုက်ပါ...။
 Stick (or) Memory Card ကို ကွန်ပြူတာမှာ တပ်ပါ USB Device > Right Click > Fat32 Format နဲ့ Format ချလိုက်ပါ..။

 USB Stick ကို ကွန်ပျူတာမှာ တပ်လျှက်အနေအထားမှာရှိနေပါစေ...။

ဒါလေးကို Download လုပ်ယူပါ 162KB ပဲရှိပါတယ်
 kon-bootUSB.rar  ဆိုတဲ့ .Rar ဖိုင်လ် လေးကို ဖြည်လိုက်ပါ..။
ဖြည်ထားတဲ့ ဖိုလ်ဒါ ထဲက kno-boot-usb.exe ဆိုတဲ့ Application လေးကို ပုံပါအတိုင်း Double Click နှိပ်လိုက်ပါ...

CMD Command box ပွင့်လာရင် မိမိ ရဲ့ USB Drive F , I , G , H , J တခုခုကို ရေးပြီး....(ဥပမာ မိမိ ရဲ့ USB Drive က F ဆိုရင် CMD command မှာ F ရးထည့်ပြီး Enter ခေါက်လိုက်ပါ...။ ပြီးရင် Press Any Key ကီး တခုခု ကိုနှိပ်ပေးပြီး ထွက်လို့ရပါပြီ....:)



အားလုံးပြီးသွားပြီ ဆိုရင်တော့ ကွန်ပျူတာကို Restart ချ (F2 (or) F12 (or) Del (or) F9 Boot Menu ထဲဝင်ဖို့ နှိပ်ရမဲ့ Key တွေကတော့ ကွန်ပျူတာ အမျိုးစားပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်) Key တခုခုကို နှိပ်ပြီး BIOS Boot Menu ကို ဝင်ပါ..  ရိုရိုး Window တင်သလိုပဲ 1st BOOT မှာ USB 1st Kon-Boot ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ..။



ခဏ နေလို့ Window တတ်လာရင် OK (or) Enter ခေါက်ပြီး Admin Password ကို အလွယ်တကူ ကျော်လို့ရသွားပါပြီ...။

Window 7 မှာ စမ်းသပ်ပြီးပါပြီ ၁၀၀၀% အဆင်ပြေပါတယ်..

1 comment:

  1. JTG Marriott Atlantic City, NJ Jobs - JTG Marriott
    JTG 전라북도 출장안마 Marriott 남양주 출장안마 Atlantic City, NJ 충주 출장안마 Jobs. JTG Marriott Atlantic City, NJ jobs. JTG Marriott Atlantic City, NJ jobs. 서울특별 출장마사지 JTG Marriott Atlantic City, 파주 출장마사지 NJ jobs. JTG Marriott Atlantic City, NJ jobs. JTG Marriott Atlantic City, NJ jobs.

    ReplyDelete